Tuesday, April 29, 2014

Huawei Y511 Firmware တင်နည်း



Y511.T00 Firmware ကိုအောက်မှာရယူနိုင်ပါပြီး

 ဒေါင်းလို့ရတဲ့ Zip ဖြည့်လိုက်ပြီး dload File ကို မန်မိုရီကဒ်ထည့်ပြီး

Power/Vol-/Vol+ ကိုတွဲနိပ်ထားပေးလိုက်ပါ သူ့ဟာသူတင်သွားလိမ့်မယ်..

အဆင်မပြေဘူးဆိုရင် Recovery ကနေတင်

တင်လို့ရပါသေးတယ်

Firmware

Recovery

recovery တင်ဖို့အတွက်က ဖုန်းကို ဓါတ်ခဲ ၅ စက္ကန့်လောက်ဖြုတ်ထားပြီး ပြန်တပ်ပါ။ ပြီးရင် vol up + power တွဲနှိပ်လိုက်ရင် factory mode ကို ၀င်သွားပါမယ်.. အဲ့တိုင်းကြိုးထိုးလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ rar ဖိုင်ကိုဖြည်ပြီး ရလာတဲ့ဖိုဒါထဲက အောက်မှာပြထားတဲ့ပုံထဲမှာ မျှားပြထားတဲ့ဖိုင်ကို ဖွင့်ပါ။


press any key to continue ပေါ်လာရင် enter နှိပ်ပေးပါ။ နောက်တစ်ခါထပ်ပေါ်လာရင် ထပ်နှိပ်ပေးပါ။ auto restart ကျပြီး recovery ထဲကို ရောက်သွားပါမယ်... နောက်တစ်ခါ recovery ကိုထပ်ဝင်မယ်ဆိုရင် battery ခဏဖြုတ်၊ ပြန်တပ်ပြီး ပါဝါကို သုံးစက္ကန့်လောက်ဖိထားပါ။ ပြီးရင် ပါဝါကိုလွှတ် vol up + vol down နှစ်ခုကို စုံနှိပ်ထားပါ။ recovery ကိုဝင်သွားပါလိမ့်မယ်... recovery ကနေ firmware တင်ဖို့ကတော့ ခုနလိုပဲ sd ကဒ်ထဲကို ဖိုင်ကိုထဲ့ပြီး recovery ကနေ update zip from sd card ကနေ သွင်းရမှာပါ။ Recovery Mode ကနေတင်မယ်ဆိုရင်
Firmware Zip ကိုမဖြည့်ပဲ Zip File အတိုင်း မန်မိုရီကဒ်ထဲထည့်ပြီးတင်ပါ


Huawei Y511-U00 SP FlashTool Firmware ဖြင့် Firmware တင်နည်း



Y511-U00 SP Flash Tool Firmware

ဖိုင်ကိုဒေါင်းပြီးရင် rar ဖြည်လိုက်ပါ။ ထွက်လာတဲ့ဖိုဒါထဲမှာ spflash tool ဖိုဒါရယ် ၊ driver ဖိုဒါရယ် ပါပြီးသားပါ။ driver သိအောင်အရင်လုပ်ပါ။ ဖုန်းကို battery ဖြုတ်ပြီးကြိုးထိုးလိုက်ပါ။ found new hardware ... run ပါလိမ့်မယ်.. driver သိပြီးသားဆို သူ့ဟာသူ တက်သွားမယ်.. မသိသေးဘူးဆိုရင် ခုန ဖိုဒါထဲမှာပါတဲ့driver ဖိုင်ကို device manager ကနေ လမ်းကြောင်းပေးပြီး တင်ပေးလိုက်ပါ။ ပြီးသွားရင် ဖုန်းကို ခဏပြန်ဖြုတ်ထားပါဦး...
sp flash tool ကိုဖွင့်ပါ။ အောက်ပုံမှာပြထားတဲ့ 1 - Scatter-Loading ကိုနှိပ်ပြီး 2 ပြထားသလို... MT6572_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင် 3 ပြထားတဲ့ Firmware Upgrade ကိုနှိပ်လိုက်ပါ။



နှိပ်ပြီးပြီဆိုရင် ဖုန်းကို battery ဖြုတ်ထားတဲ့အတိုင်း ကြိုးထိုးပေးလိုက်ပါ။ အောက်က ဘားတန်းလေးမှာ အလုပ်လုပ်နေတာတွေ့ပါလိမ့်မယ်.... နည်းနည်းကြာပါတယ်... တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာကို စောင့်ပေးပါ။ နောက်ဆုံး popup ဘောက်လေးနဲ့ အစိမ်း ၀လုံးပုံလေးပေါ်လာမှပြီးမှာပါ။ အစိမ်းရောင် ၀လုံးလေးပေါ်လာပြီဆိုရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ....။ ဒီ firmware က root ပါပြီးသားပါ။  အားလုံးပဲ အဆင်ပြေကြပါစေဗျာ...



Credit : Tet Paing






0 comments:

Post a Comment