Wednesday, May 7, 2014

Sony Xperia Z2 ကို Root လုပ်နည်း

Sony Xperia Z ဖုန်းအမျိုးအစားရဲ့ အသစ်ထွက် series ဖြစ်တဲ့ Sony Xperia Z2 ကိုလည်း root လုပ်လို့ရနေပါပြီ။ ဒီဖုန်းကို root လုပ်နိုင်ဖို့အတွက်ကတော့ ဖုန်းကို Bootloader Unlocked လုပ်ထားဖို့ပဲလိုပါတယ်။ ယခုနည်းလမ်းများကိုလုပ်ဆောင်ရန် သင်ဟာ Android Knowledge နှင့်ပတ်သက်လျှင် Advanved Users Level ခန့်ဖြစ်ရပါမယ်။ မဟုတ်လျှင် ဖတ်ရှုလုပ်ဆောင်ရန် လွယ်ကူမည်မဟုတ်ပါ။

ကဲ…. Sony Xperia Z2 အား root လုပ်နည်းကိုဆက်လက်ဖတ်ရှုကြရအောင်။
အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ Sony Xperia Z2 ကို root လုပ်ဖို့ ဖုန်းကို bootloader unlocked လုပ်ထားဖို့လိုအပ်ပါတယ်။
Sony Xperia Z2 ကို Bootloader Unlock လုပ်နည်းကတော့ အောက်က link မှာဖတ်ရှုလေ့လာနိုင်ပါတယ်။
Root လုပ်ဖို့လိုအပ်တဲ့ file တစ်ခုဖြစ်တဲ့ SuperSU zip file ကိုအောက်က link ကနေရယူပါ။

Bootloader Unlock လုပ်ပြီးပြီဆိုရင်တော့ ဖုန်းကို root access ရဖို့ပထမအဆင့်အနေနဲ့ ဖုန်းကို CWM Recovery သွင်းရမှာဖြစ်ပါတယ်။
CWM Recovery သွင်းရန်အတွက် လိုအပ်ချက်တွေကတော့ ကွန်ပျူတာမှာ Sony Xperia Driver သွင်းထားရမယ် ၊ ADB & Fastboot Folder ရှိရပါမယ်။
Sony Xperia Z2 အတွက် Driver ကိုအောက်က link ကနေရယူနိုင်ပါတယ်။

ADB & Fastboot Command တွေရိုက်ဖို့လိုအပ်တဲ့ ADB Tool folder ကိုအောက်က link ကနေရယူနိုင်ပါတယ်။

ADB Folder ကို ကွန်ပျူတာရဲ့ desktop ပေါ်မှာ ဇစ်ဖြည်ထားလိုက်ပါ။
CWM Recovery file ကိုတော့ အောက်က link ကနေရယူပါ။

 download ရယူထားတဲ့  Recovery file ကို boot.img လို့အမည်ပြောင်းပြီး ခုနက desktop ပေါ်မှာဇစ်ဖြည်ထားတဲ့ ADB Folder ထဲမှာသွားထည့်ထားပါ။
file တွေအကုန်ရယူပြီးပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ် ၊ ဖုန်းကို fastboot mode ထဲဝင်ပြီး
ကွန်ပျူတာကနေ Fastboot command အသုံးပြုပြီး အောက်က command ကိုရိုက်ပေးရမှာပါ။
fastboot flash boot boot.img
Recovery သွင်းပြီးလျှင်အောက်ပါ command ကိုရိုက်ပေးရမှာပါ။
fastboot reboot
ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပါမယ်။
Recovery Mode ထဲသို့ဝင်နည်း
ဖုန်းပါဝါစ အတက်မှာ sony logo ပေါ်ပါတယ်။ ယင်းအချိန်မှာ ဖုန်းရဲ့ Vol up ခလုတ်ကိုနှိပ်ထားပါ။ LED မီးလုံးအရောင်များပြောင်းသွားသည်အထိနှိပ်ထားပါ။
Recovery Mode ထဲသို့ရောက်သွားပါလိမ့်မယ်။
Recovery Mode ထဲရောက်သွားရင် install zip ဆိုတဲ့ function ထဲကိုဝင်ပြီး ဖုန်းရဲ့ sd card ထဲမှာထည့်ထားခဲ့တဲ့ Super SU zip ဖိုင်ကိုရွေးပေးပြီး flash လိုက်ပါ။ ဖုန်းက reboot ကျသွားပြီး ပြန်တက်လာရင်တော့ သင့်ရဲ့ Sony Xperia Z2 ဖုန်းဟာ Root Access ရနေပါပြီ။
ပိုသေချာအောင် root access တောင်းတဲ့ app တစ်ခုခုသွင်းပြီး ဖုန်းကို စမ်းကြည့်ပါ။
အောက်ပါအတိုင်း Superusers request တက်လာရင် ဖုန်းက root access ရနေပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ ။
Credit - သက်နိုင်စိုး (Myanmar Mobile Application Store)

0 comments:

Post a Comment